News

Docisiné Webinar (Sharing Session with Sein)

Docisiné Webinar (Sharing Session with Sein) on March 23 (Saturday) 8PM (Yangon)

နိုင်ငံတကာမှာ ကိုယ့်စိတ်ကူးထဲကဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပုံဖော်ရိုက်ကူးဖို့ဆိုရင် ထုတ်လုပ်သူ၊တွဲဖက်ထုတ်လုပ်သူတွေဆီကို ကိုယ်က ရုပ်ရှင်အဆိုပြုလွှာ (Dossier) နဲ့ချဉ်းကပ်ရပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးတွေကို ချိတ်ဆက်ဖို့နဲ့ ရန်ပုံငွေရှာဖို့အတွက် Dossier ပြင်ဆင်ရပါတယ်။ ကိုယ့်ဇာတ်လမ်းကို လူစိတ်ဝင်စားအောင်၊ ရိုက်ကူးဖို့ငွေထုတ်ပေးချင်အောင် အဆင့်ဆင့်တင်ဆက်ရေးသားရတာမျိုးပါ။ ရွေးချယ်သူတွေက ရုပ်ရှင်ပရောဂျက်တစ်ခုအကောင်အထည်ဖော်ဖို့စဉ်းစားကြတဲ့အခါ ရုပ်ရှင်ဇာတ်ညွှန်းတွေကို အရင်မဖတ်ကြပါဘူး။ ဖတ်လည်းမဖတ်နိုင်ပါဘူး။ သူတို့အရင်ဖတ်တာက Dossier လို့ခေါ်တဲ့ ရုပ်ရှင်အဆိုပြုလွှာပဲဖြစ်ပါတယ်။ ကိုယ့် Dossier ကိုကြည့်ပြီးမှသာ ကိုယ့်ဇာတ်ညွှန်းနဲ့ တခြားတင်ပြမှုတွေကို ဆက်ဖတ်ဖို့ ဆုံးဖြတ်ကြတာပါ။ ဒါကြောင့် Dossier ဟာ ကိုယ့်ဇာတ်ညွှန်းကိုဆွဲလှန်ချင်လာအောင်၊ ရုပ်ရှင်ထဲမှာ ကိုယ်ဖန်တီးမယ့် အရောင်တွေ၊ အသံတွေကို ဖတ်တဲ့သူမျက်လုံးထဲမြင်ယောင်၊ ကြားယောင်လာအောင် ရေးသားပြင်ဆင်ဖို့အရေးကြီးပါတယ်။ ဒါမှသာ ကိုယ့်ရည်ရွယ်ချက်နဲ့ဖန်တီးမှုကိုခန့်မှန်းပြီး ရုပ်ရှင်ကိုရွေးချယ်ဖို့၊ထုတ်လုပ်ဖို့ ကိုယ်နဲ့အတူ ပူးပေါင်းဆောင်ရွက်မှာပါ။ Dossier တွေဟာ ရုပ်ရှင်ဖန်တီးသူတွေရဲ့ ကနဦးခြေလှမ်းပါပဲ။ တစ်ခါတစ်လေမှာ ကိုယ့်ရုပ်ရှင်အကြောင်းကိုသေချာသိနေပေမယ့် Dossier အဖြစ်ချရေးဖို့အခက်တွေ့လေ့ရှိပါတယ်။ ရုပ်ရှင်သာရိုက်လိုက်ချင်တယ်။ စာမရေးချင်ဘူး ဆိုတာမျိုးပေါ့။ ဒါပေမယ့် ရေးကိုရေးရပါမယ်။ Dossier ကိုစနစ်တကျသေချာရေးခြင်းနဲ့လည်း ကိုယ့်စိတ်ထဲက စ်ိတ်ကူးတွေ၊ ဇာတ်ကောင်စရိုက်တွေ၊အသံတွေ၊အရောင်တွေကို ကိုယ်ကိုယ်တိုင်မြင်ယောင်ပြီး ပိုမိုကောင်းမွန်တဲ့ဇာတ်လမ်းဖြစ်ဖို့ အထောက်အကူအများကြီးဖြစ်စေပါတယ်။ ဒီတော့ Dossier ဘယ်လိုရေးမလဲ။ ဘာတွေ လိုအပ်လဲ။ ဘယ်အချိန်မှာရေးရမှာလဲဆိုတာတွေကို မတ်လ ၂၂ ရက်၊… မှာပြုလုပ်မယ့် Filmmaker စိန်လျှံထွန်းရဲ့ Preparing the Dossier – How to prepare a short film project Dossier? ဆိုတဲ့ Webinar လေးမှာ သိနိုင်ပါပြီ။ ဒီ Webinar လေးက Dossier ပြင်ဆင်ရေးသားဖို့ ခက်ခဲနေတဲ့ မြန်မာ Filmmaker ညီအစ်ကိုမောင်နှမတွေအတွက် ပြုလုပ်ပေးတာဖြစ်လို့ မည်သည့်အခကြေးငွေမှ ကောက်ခံမှာမဟုတ်ပါဘူး။

ပါဝင်တက်ရောက်လိုသူတွေအနေနဲ့ ဒီ နေရာမှတဆင့် https://us02web.zoom.us/meeting/register/tZEpd-uhrDgrGtCmZFaueLFywGYnhhySdY-O ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။

ဒါရိုက်တာစိန် ၏ profile ကို ဒီမှတဆင့်ဖတ်နိုင်ပါသည်။ https://drive.google.com/file/d/1xjqm6Ou9-CPEvBrMFjNSYVN1O9fZZLdQ/view?usp=share_link